နေပြည်တော်  ၁၄  ဩဂုတ်

 

အာရှဖောင်ဒေးရှင်းမှ မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း- ၂၀၂၀ ဒုတိယအကြိမ်မြောက် သုတေသန လေ့လာတွေ့ရှိချက်များနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

mdn

 

အဆိုပါ တွေ့ဆုံဆွေးနွေးရာတွင် နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးအောင်မြင်ထွန်း၊ ဦးတင်ထွန်း၊ ဦးအေးမောင်စိန်၊ အာရှဖောင်ဒေးရှင်း စီမံကိန်းမန်နေဂျာ Ville Peltovuori ၊ အကြီးတန်း စီးပွားရေး ပညာရှင်ဦးကျော်သူ၊ အစီအစဉ်ညွှန်ကြားရေးအရာရှိ ဒေါ်မရစ်ဂျာဒိမ်တို့ တက်ရောက်ကြသည်။

 

တွေ့ဆုံဆွေးနွေးရာတွင် အာရှဖောင်ဒေးရှင်းမှ စီမံကိန်းမန်နေဂျာ Ville Peltovuori နှင့် အကြီးတန်း စီးပွားရေးပညာရှင် ဦးကျော်သူက မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း- ၂၀၂၀ ဒုတိယအကြိမ်မြောက် သုတေသန လေ့လာတွေ့ရှိချက်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီဝင်များက တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)