မန္တလေး  ၂၉  နိုဝင်ဘာ

အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်းက ပြုလုပ်မည့် အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ ထုတ်ကုန်များ ထုတ်လုပ်ခြင်း သင်တန်းကို ဖွင့်လှစ်ရန်စီစဉ်နေကြောင်း မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)မှ သိရသည်။

 

သင်တန်းကို ကိုဗစ်-၁၉ ရောဂါကြောင့် အွန်လိုင်းမှ သင်ကြားပေးရန်စီစဉ်ထားကြောင်း သိရသည်။

 

"Food Safety ဖြစ်အောင် ထုတ်ကုန်တွေကို ဘယ်လိုထုတ်ရမယ့်ပုံစံတွေ၊ နိုင်ငံတကာတင်ပို့မယ်ဆိုရင် ဘယ်လိုပုံစံမျိုး ထုတ်လုပ်ဆောင်ရွက်ရမယ် ဆိုတာတွေအပြင် သက်ဆိုင်ရာ နယ်ပယ်အသီးသီးက အသိအမှတ်ပြု လက်မှတ်တွေကို လည်း ရယူနဲ့နည်းစနစ်တွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ် "ဟု အဆိုပါအသင်းမှ အတွင်းရေးမှူး ဦးဥက္ကာကျော်က ပြောသည်။

 

ကနဦးအနေဖြင့် သင်တန်းသားဦးရေ အယောက် ၂၀ ခန့် သတ်မှတ်ထားပြီး တက်ရောက်လိုသူများအနေဖြင့် MRCCI ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်သည်ဟု ဆိုသည်။ သင်တန်းကို ပြည်တွင်း၊ ပြည်ပမှ ဆရာမများက သင်ကြားပေးသွားမည်ဖြစ်ပြီး ဒီဇင်ဘာလတွင် ဖွင့်ရန်စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် အပြောင်းအလဲ ရှိနိုင်သည်ဟုလည်း သိရသည်။

ဖြိုးအိ