ကော့မှူး ၂၂ မေ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၉ ခုနှစ် မိုးရာသီအတွင်း သီနှံတိုးတက်စေရန်အတွက် ထည့်သွင်းသုံးစွဲနိုင်ရန် ထုံး၊ ကျောက်မှုန့်၊ ဇီဖာနှင့် သစ်စိမ့်သဘာဝမြေသြဇာစသည့် ထောက်ပံ့ပစ္စည်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် လာဝတီကျေးရွာ စနစ်တကျ လယ်ယာမြေနည်းပညာပြန့်ပွားရေး ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှကြည်ကမြေယာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူ ဦးမြင့်ဇော်က မြေယာပြုပြင်ခြင်း လုပ်ငန်းများအား စက်ဖြင့်စိုက်ပျိုးဆောင်ရွက်နိုင်ရေးအား အပြန်အဆွေးနွေး ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးနှင့် ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းရေးသားပေးပို့သူ- ကျော်သူရ(ပြန်/ဆက်)