အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

​ကျောက်ဆည် ဖေဖော်ဝါရီ ၂၇

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်) ဘက်စုံသုံးခန်းမ၌ ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးမျိုးသွင်နှင့် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဒေါ်နွယ်ခက်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းအရာများ အသိပညာပေး ရှင်းလင်းဆွေးနွေးသည်။

 

ဆွေးပွဲသို့ ကျောက်ဆည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာမျိုးသူနှင့် ဌာနမှူးများ၊ ဘာသာရပ်သင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့သည်။

 

ခရိုင်(ပြန်/ဆက်)