ရန်ကုန်       ဇူလိုင်        ၂၇

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (ရွာမ)၌ ပထမနှစ် ကျောင်းသား ကျောင်းသူများ ပညာသင်နှစ်အတွင်း စိတ်အားတက်ကြွစွာ၊ စိတ်ချမ်းသာ ပျော်ရွင်စွာဖြင့် သင်ကြားနိုင်ရန်နှင့် စိတ်ဓာတ်မြင့်မားတက်ကြွစွာ သင်ကြားနိုင်ရန် ရည်ရွယ်၍ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာ အထက်တန်းကျောင်း(ရွာမ)၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ အထက(၆) ပညာတံခွန်ခန်းမတွင် ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် အင်းစိန်မြို့နယ် အစိုးရနည်းပညာ အထက်တန်းကျောင်း (ရွာမ) ကျောင်းအုပ်ဆရာကြီး ဦးဇေယျာအောင်က အမှာစကားပြောကြားပြီး စီမံ/ဘဏ္ဍာ ဌာနမှူး ဦးဝင်းနိုင်၊ MPT ဌာနမှူး ဦးကျော်ဝင်းသူ၊ MT ဌာနမှူး ဦးကျော်ဇေယျ၊ ET ဌာနမှူး ဒေါ်ကေခိုင်သိန်း၊ IT ဌာနမှူး ဒေါ်နီလာ၊ ECT ဌာနမှူး ဒေါ်ညိုမာထွန်းနှင့် စာပေ ဌာနမှူး ဒေါ်အိအိလွင်တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)