ဥရောပပါလီမန် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ် အစိုးရလေယာဉ်အား အလွဲသုံးစားပြုသည်ဟူသော စွပ်စွဲချက်နှင့်ပတ်သက်ပြီး အီတလီအာဏာပိုင်များက အီတလီပြည်ထဲရေးဝန်ကြီး မတ်တိုဆလာဗင်နီကို စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိသည်။

 

ပြည်ထဲရေးဝန်ကြီး ဆလာဗင်နီသည် လာမည့်သီတင်းပတ် ကြာသပတေးနေ့တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်မတိုင်မီ ၎င်း၏ လက်ယာယိမ်းပါတီအတွက် မဲဆွယ်စည်းရုံးရန် အစိုးရလေယာဉ်ကို အသုံးပြု ကြောင်း အီတလီမီဒီယာများက  မေ ၁၆ ရက်တွင် သတင်းဖော်ပြသည်။

 

mdn

 

ဆလာဗင်နီသည် ၄င်း၏ တင်းကျပ်သည့် ရွှေ့ပြောင်းနေထိုင်သူများပေါ် ဆန့်ကျင်ရေး မူဝါဒများဖြင့် လူသိများသူတစ်ဦးဖြစ်သည်။ ထို့အပြင် ဆလာဗင်နီသည် ဥရောပ ပါလီမန်ရွေးကောက်ပွဲတွင် ထောက်ခံမှုကြီးမားများပြားသည့် အီးယူတပ်ဖွဲ့ဆန့်ကျင်ရေးတပ်ဖွဲ့ဝင်များကိုလည်း ဦးဆောင်ထားကြောင်း သိရသည်။

 

သို့သော် ဒုတိယဝန်ကြီးချုပ်တာဝန်ကိုလည်းပူးတွဲထမ်းဆောင်သည့် ဆာလာဗင်နီသည် ယင်းစွပ်စွဲချက်များကို ငြင်းဆိုထားသည်။

 

တစ်ဆက်တည်းမှာပင် ဆလာဗင်နီ၏ ပါတီဝင်တစ်ဦးဖြစ်သူ အီတလီနိုင်ငံမြောက်ပိုင်းရှိ လီဂနာနိုမြို့တော်ဝန်သည် လာဘ်ပေးလာဘ်ယူမှုဖြင့် မေ ၁၆ ရက်တွင် ဖမ်းဆီးခြင်းခံခဲ့သည်။

 

တရားမဝင် ရွေ့ပြောင်းနေထိုင်သူများအား ဥရောပမြေပေါ်သို့ ခေါ်ဆောင်လာသည့် မာဖီယာဂိုဏ်းများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ဆန့်ကျင်မှုကို အခိုင်အမာလုပ်ဆောင်သွားမည်ဟု ၎င်း၏ တွစ်တာစာမျက်နှာပေါ်တွင် ဖော်ပြထားသည်။ ယခုဖြစ်စဉ်သည် မိမိ၏လှုပ်ရှားမှုများအပေါ် နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်ခြင်းပင်ဖြစ်သည်ဟု ၎င်းက အလေးအနက် ဖော်ပြထားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်