မြိုင် ၄ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် Actionaid Myanmar မှ မြို့နယ်အတွင်း စီမံချက်ဝင်ကျေးရွာများရှိ မဲရုံများနှင့် မဲဆန္ဒရှင် များပြားသော မဲရုံများတွင် အသုံးပြုနိုင်ရန် hand speaker များအား နိုဝင်ဘာ ၃ ရက်နေ့ ညနေ ၄ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် လှူဒါန်းခဲ့သည်။
Actionaid Myanmar မှ မြို့နယ်အတွင်း စီမံချက်ဝင် ကျေးရွာများရှိ မဲရုံများနှင့် မဲဆန္ဒရှင် များပြားသော မဲရုံများတွင် အသုံးပြုနိုင်ရန် hand speaker (၁၆၀) ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။ အဆိုပါ hand speaker များကို ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)