အောင်လံ ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး အောင်လံမြို့၌ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးခဲ့သည့် သစ်ပင်များအား မိုးလွန်ကာလ စုပေါင်း ရေလောင်းပွဲ အခမ်းအနားကို ယမန်နေ့က အောင်လံမြို့ ရွှေတင့်ဝမ်းမွေးမြူရေးဇုန် အကွက်အမှတ် (၆၁)၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အမှာစကား ပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်/မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများက စိုက်ပျိုးထားသော ပျိုးပင်များကို ရေလောင်းခြင်းနှင့် ကောက်ရိုး/မြက်ရိုးများ ဖုံးအုပ်ပေးခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ရေလောင်းခြင်း ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)


