အောင်လံ ၄ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး အောင်လံမြို့၌ ရေသန့်စက်ရုံများ၊ စားသောက်ဆိုင်များနှင့် လက်ဘက်ရည် ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ ဆာင်ရွက်မှုရှိ မရှိ စစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြမင်းကျော်နှင့် တာဝန်ရှိသူများက လက်သန့်ဆေးရည်၊ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးရေး၊ ဆိုင်ထိုင်စားပွဲများတွင် လူတစ်ဦးနှင့် တစ်ဦးကြား သတ်မှတ်အကွာအဝေး၊ အစားအသောက်များကို ပြင်ဆင်ဝန်ဆောင်မှုပေးသူများအားလုံး မျက်နှာကာ Face Shield ၊ နှာခေါင်းစည်း (Mask) များ တပ်ဆင်ထားခြင်းရှိ မရှိ စသည့်အချက်များကို စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆိုင်အတွင်းအပြင်များ၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး နှိုးဆော်ချက်ပိုစတာများ၊ ဆိုင်းဘုတ်များ ကပ်ထားခြင်းရှိ/မရှိ၊ ဆိုင်အတွင်း လာရောက် စားသုံးသူများ မျက်နှာကာ Face Shield (သို့မဟုတ်) နှာခေါင်းစည်း Mask တပ်ဆင်လာခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာဉပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပညာပေး ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)


