အောင်လံ ဧပြီ ၈

 

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ် ကရင်မစန်းကျေးရွာတွင် ဧပြီ ၇ ရက် မွန်းလွဲ ၂ နာရီခွဲက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၂၇ လုံး အမိုးလန်ပျက်စီး၍ နေအိမ်တစ်လုံး ပြိုကျပျက်စီးသွားကြောင်း သိရသည်။

 

လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် အိမ်ခြေ ၂၇ လုံးမှ အိမ်ထောင်စု ၂၇ စုနှင့် နေအိမ်ပြိုကျ ပျက်စီးခဲ့သည့် အိမ်ထောင်စုတစ်စုတို့မှ လူဦးရေ ၁၃၅ ဦးအား ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ ဆွေမျိုးများ နေအိမ်တွင် ယာယီနေရာချထားပေးခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်းများ ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဘေးစီမံဌာနသို့ ဆက်သွယ်ဆောင်ရွက်ထားရှိကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

 

ဇင်ဇင်မင်းမောင်(ပြန်/ဆက်)