အောင်လံ ၆ စက်တင်ဘာ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ အောင်လံမြို့နယ် လူငယ်ရေးရာကော်မတီမှ Mask Campaign ပြုလုပ်၍ နှာခေါင်းစည်း Mask ၂၅၀၀ အား အခမဲ့ဖြန့်ဝေမှုကို ယနေ့နံနက် ၈ နာရီခန့်က မြို့မစျေးကြီးနှင့် ရွာထောင်တပ်စျေးတို့တွင် ပြုလုပ်ခဲ့သည်။
အဆိုပါဆောင်ရွက်မှုတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြမင်းကျော်၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စျေးကော်မတီဝင်များနှင့် အောင်လံမြို့နယ် လူငယ်ရေးရာ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက မကွေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် Actionaid Myanmar တို့မှ ပူးပေါင်းလှူဒါန်းသော Mask ၂၀၀၀ နှင့် အောင်လံမြို့နယ် လူငယ်ရေးရာကော်မတီတို့မှ လှူဒါန်းသော Mask ၅၀၀ တို့ကို အောင်လံမြို့ Facility Quaratine Centre များအတွက် အခု ၅၀၀ နှင့် စျေးရောင်းစျေးဝယ်ပြည်သူများနှင့် လမ်းသွားလာပြည်သူများကို အခုရေ ၂၀၀၀ တို့အား အခမဲ့ဖြန့်ဝေပေးပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်/ဆက်)


