အောင်လံ  ၁၃   ဩဂုတ်

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် ပိတောက်ကုန်းအုပ်စု ပန်းမတကျေးရွာတွင် ယနေ့ နံနက် ၇ နာရီက ၂၀၂၀ပြည့်နှစ် မိုးရာသီ CERP Plan အရအကျိုးဆောင်တောင်သူ ဦးထွန်းဝေ၏ လယ်မြေ စံပြစိုက်ကွက်တွင် မနောသုခနှင့် ဧရာမင်း စပါးမျိုးစေ့ထုတ်စိုက်ခင်းအား စိုက်ပျိုးခဲ့ရာ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်း၍စိုက်ပျိုးနည်းပညာများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပိတောက်ကုန်းကျေးရွာအုပ်စုတွင် ပန်းမတလျှပ်စစ်မြစ်ရေတင်ဧရိယာ၌ မျိုးကောင်းမျိုးသန့် စပါးမျိုးစေ့ထုတ် စိုက်ခင်းလျာထား မနောသုခ(၂)ဧကနှင့် ဧရာမင်း(၄၈)ဧက စုစုပေါင်း ဧက  ၅၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းစပါးမျိုးစေ့ထုတ် စိုက်ခင်းများမှ ထွက်ရှိလာသော မျိုးကောင်းမျိုးသန့် မျိုးစပါးများကို အကျိုးဆောင် တောင်သူများမှ အခြားတောင်သူများအား ဆက်လက်ဖြန့်ဝေပေးခြင်းဖြင့်နှစ်စဉ် မျိုးစပါး ဝယ်ယူရေး အခက်အခဲများ အဆင်ပြေသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးထွန်းလှအောင် ထံမှသိရသည်။

 

မျိုးသိန်း(ပြန်/ဆက်)