အောင်လံ ၂၁ မေ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြိုနယ်၏ အရှေ့ဘက်ပိုင်းရှိ ကျေးရွာ(၂၉)ရွာတို့တွင် မေ ၂၀ ရက် ညနေ (၆)နာရီခွဲမှ စတင်၍လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါကျေးရွာများအတွင်းရှိ နေအိမ် (၁၁၆)လုံး၊ ဘုန်းတော်ကြီးကျောင်း(၂)ကျောင်းနှင့် အလယ်တန်းကျောင်း(၁)ကျောင်း အမိုးလန်ခြင်းနှင့် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
လေဘေးသင့်အိမ်ထောင်စု(၁၁၆)စုမှ လူဦရေ(၄၂၂)ဦးတို့အား နီးစပ်ရာ ဆွေမျိုးသားချင်းများနေအိမ်တွင် ခေတ္တယာယီနေထိုင်ရန် နေရာချထားပေးခြင်းနှင့် နေအိမ်များ ပြုပြင်ရေးတို့အတွက် သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ အစီအမံဖြင့် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ကယ်ဆယ်ရေးပစ္စည်းများ ရရှိရေးအတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းလွင်(အောင်လံ)
