အောင်လံ ၁၂ မေ  


မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ် အတွင်းရှိ တပုလိုင်းကျေးရွာနှင့် ကရင်မစမ်းကျေးရွာတို့တွင် သောက်သုံးရေ ရှားပါးမှုကြောင့် ယနေ့ နံနက်ပိုင်းက ရေဂါလန် ၄၀ဝ၀ ဖြန့်ဝေပေးခဲ့ကြောင်း အောင်လံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။


ထို့သို့ ဖြန့်ဝေပေးရာတွင် တပုလိုင်းကျေးရွာတွင် အိမ်ခြေ ၁၂၁ အိမ်၊ လူဦးရေ ၆၉၀ ဦးကို ရေသန့်ဂါလန် ၅၀ဝ ဖြန့်ဝေပေးခဲ့ပြီး ကရင်မစမ်းကျေးရွာတွင်  အိမ်ခြေ ၁၃၆ အိမ်၊ လူဦးရေ ၆၀၈ ဦးတို့အား ရေသန့်ဂါလန် ၃၅၀ဝ ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


အဆိုပါ ကျေးရွာနှစ်ရွာတွင် စက်ရေတွင်းများရှိသော်လည်း သန့်ရှင်းမှုနည်းပါးသဖြင့် ယခုလို လာရောက်လှူဒါန်း ရခြင်းဖြစ်ကြောင်း သိရသည်။


ငြိမ်းသူ(စလင်း)