အောင်လံ ၁၄  စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင် ကိုဗစ်−၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP ဖြင့် ထောက်ပံ့မှုအရဆောင်ရွက်သော ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ပြည်တော်ရင်၊ ရတနာတိုး၊ မှော်ဘီ(၂) စသည့် မိုးစပါး R.S မျိုး(၃၈၀)ဧက စိုက်ပျိုးရန် လျာထားရာ ယနေ့အထိ(၃၈၀)ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါမျိုးစေ့ထုတ်စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဗဟိုခြံမှထုတ်လုပ်သည့် မျိုးသန့် မျိုးပွား မျိုးစေ့ကို စိုက်ပျိုးရပြီး ခြောက်တန်းတစ်တန်းခြားစနစ်ဖြင့် စိုက်ပျိုးရကြောင်း ပေါင်းနုတ်ခြင်း၊ မျိုးကွဲပယ်ခြင်း၊ ရိတ်သိမ်းခြွေလှေ့သန့်စင်ခြင်း လုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက် သွားမည်ဖြစ်ပြီး ကိုဗစ်−၁၉ စီးပွားရေးကုစားမှုအစီအစဉ် CERP ဖြင့်မျိုးစေ့ထုတ်လုပ်ရန်အတွက် ကျေးရွာပေါင်း(၁၈)မှ တောင်သူ(၁၈၆)ဦးတို့က စိုက်ဧက(၃၈၀)ဧကမှာ မျိုးစေ့ထုတ်မိုးစပါးများကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းလှအောင်ထံမှ သိရသည်။

 

မျိုးသိန်း(ပြန်/ဆက်)