မန္တလေး ၂၅ စက်တင်ဘာ

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် အသက်(၈၀)နှစ်ပြည့်ပြီး အသက်(၈၅)နှစ် မပြည့်သေးသည့် အဘိုးအဘွား (၁၄၀၀)ကျော်အတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ညနေ ၃ နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပြုလုပ်သည်။

အောင်မြေသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်ကြီး (၁၉)ရပ်ကွက်မှ အသက်(၈၀)နှစ်ပြည့်ပြီး အသက် (၈၅)နှစ် မပြည့်သေးသည့် အဘိုးအဘွား (၁၄၂၆)ဦးတို့အတွက် ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ တစ်ကြိမ်တည်း ထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၄၂၇ သိန်း ၈ သောင်းကျပ်ကို မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာအောင်က ပေးအပ်ရာ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင် တို့က လက်ခံရယူပြီး သက်ဆိုင်ရာ ရပ်ကွက်များတွင်ရှိကြသော အဘိုးအဘွားများ ဦးရေအလိုက် ပြန်လည်ခွဲဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)