မန္တလေး ၆ စက်တင်ဘာ

 

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် နှာခေါင်းစည်း (Msak) အခုရေ ၂၅၀၀၀ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲခန့်က အိုးဘိုရွှေကျင်ရပ်ကွက်၊ မန္တလေး-မတ္ထရာလမ်း၊ ရွှေကျင်လမ်းဆုံ၌ ပြုလုပ်ကြသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအားလုံး နှာခေါင်းစည်း (Msak) များ တပ်ဆင်သွားလာကြစေရန် အလှူရှင် ဦးစိုင်းအောင်မြင့်၊ ရင်ဘတ်တူညီနောင် လူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ သဒ္ဒါဖြူစင် လူငယ်ပရဟိတအဖွဲ့မှ အဖွဲ့ဝင်များက လမ်းသွားလမ်းလာ ပြည်သူများအား တစ်ထုပ်လျှင် နှာခေါင်းစည်း (Mask) (၅)ခုပါ အထုပ်ရေ ၅၀၀၀၊ အခုရေ ၂၅၀၀၀ အား အခမဲ့ဖြန့်ဝေပေးကြသည်။

 

အဆိုပါ နှာခေါင်းစည်း (Mask) များ ပေးဝေရာသို့ အိုးဘိုရွှေကျင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းနှင့် ရာအိမ်မှူးများက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

ဇော်လင်းဦး(အောင်စံ)