မန္တလေး ၂၁ မေ
အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ အကွက်အမှတ် (၄၁၅)၊ အိမ်အမှတ် (N-3)၊ ၇×၈ လမ်းနှင့် ၈၆×၈၇ လမ်းကြား၊ ပိုင်ရှင် ဦးဝင်းထွဠ်ကျော်၏ ၂၀×၂၀ ပေ နံကပ်ပျဉ်ထောင်နှစ်ထပ် အဝတ်ဗီဒိုအောက်အတွင်း ယနေ့ နံနက် ၁၁ နာရီ ၃၃ မိနစ်တွင် ခြင်ဆေးခွေထွန်းထားရာမှ အနီးရှိအဝတ်အထည်အား မီးကူးဆက်လောင်ကျွမ်း၍ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် ၅၀ စီး၊ အုပ်ချုပ်မှုယာဉ် သုံးစီး၊ မီးသတ်ရေသယ်ယာဉ် ငါးစီး၊ သန္ဓေ ၅၀ ဦး၊ အရန် ၁၅၀ ဦးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ပြီး လူ၊ တိရစ္ဆာန်ထိခိုက်၊ ဒဏ်ရာ၊ သေဆုံးမှုမရှိကြောင်း သိရသည်။

မီးလောင်မှုကြောင့် ၂၀×၂၀ ပေ သွပ်မိုး၊ နံကပ်ပျဉ်ထောင် ၂ ထပ်နေအိမ် တစ်လုံး၊ ၂၀×၂၀ ပေ သွပ်မိုး၊ ထရံကာ ၂ ထပ်နေအိမ် တစ်လုံး၊ ၂၀×၂၀ ပေ သွပ်မိုး၊ ထရံကာ တစ်ထပ်နေအိမ် တစ်လုံး၊ ၂၀×၂၀ ပေ သွပ်မိုး၊ ထရံကာ နှစ်ထပ်နေအိမ် တစ်ခြမ်း၊ ၂၀×၂၀ ပေ နံကပ်နှစ်ထပ် အပေါ်ထပ်တစ်ခြမ်း စုစုပေါင်းနေအိမ် ၃ လုံးနှင့် ၂ ခြမ်းဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးဝင်းထွဠ်ကျော်အား အောင်မြေသာစံမြို့နယ်၊ အမှတ် ၄ ရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)