ရှမ်းရွာသစ်  ၅ စက်တင်ဘာ

မြိုင်ကြီးငူအထူးဒေသရှိ အေးလင်းမြတ်ရှင် တိုက်ပွဲရှောင်စခန်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါစခန်း၌ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့  ကရင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ ထောက်ပံ့ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အေးလင်းမြတ်ရှင် တိုက်ပွဲရှောင်စခန်းရှိ ကိုယ်ဝန်ဆောင်မိခင် (၅၇)ဦးနှင့် အသက်(၂)နှစ်အောက်ကလေး (၂၆၇)ဦး စုစုပေါင်း (၃၂၄)ဦးတို့အတွက် တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ထောက်ပံ့ငွေ တစ်လလျှင် ကျပ် ၁၅၀၀၀ ဖြင့် (၆)လစာကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)