ကောလင်း ၂၄ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးခွင့် ပြုရန်ပုံငွေ ၁၅ ဒသမ ဝ၃ ကျပ်သန်းဖြင့် စက်ရေတွင်းတူးဖော်ခြင်းနှင့် အမြင့်တင်ရေစင်တည်ဆောက်ခြင်းလုပ်ငန်း တင်ဒါအောင်မြင်သော AFC ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါစက်ရေတွင်းနှင့် အမြင့်တင်ရေစင်ပြီးစီးပါက ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


