နေပြည်တော် ၂၂ မေ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ စကော့ မာစီရယနှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဆောင်ရွက်လျက်ရှိသည့် အသိပညာပေးလုပ်ငန်းများ၊ တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်မှုများတွင် တွေ့ကြုံရသော အခက်အခဲများနှင့် တိုးတက်မှုအခြေအနေများ နိုင်ငံတကာအဖွဲ့အစည်းများတွင် ဌာနတွင်းစစ်ဆေးရေးလုပ်ငန်းများ၏ အောင်မြင်ထိရောက်မှုရှိပုံများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်