၁၃ ဖေဖော်ဝါရီ

အီရန်ကို မလိုလားသော အခြားနိုင်ငံများနှင့် ဆက်ဆံရေးအားကောင်းလာစေရန် အဆင့်မြင့် အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကို အမေရိကန်ပြည်ထောင်စုတွင် လက်ခံကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်ဒုတိယ သမ္မတ မိုက်ပန်စီ နှင့် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအို တို့သည် ပိုလန် နိုင်ငံ ဝါဆောတွင် ၂ ရက်ကြာကျင်းပမည့် ထိုအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း နှင့် ယင်းအစည်းအဝေးတွင် အရှေ့အလယ်ပိုင်းရှိ အကြမ်းဖက်ဝါဒ နှင့် ဒုံးလက်နက်တို့ အားကောင်းလာမှု ပါဝင်သည့်အချက်များကိုထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

mdn

 

အဆိုပါ အစည်းအဝေးတွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု တက်ရောက်မည်ဖြစ်သည်။

အာရပ်နိုင်ငံများရှိ မီဒီယာပေါင်းစုံက အစည်းအဝေးထုတ်ပြန်ချက်များကို အစ္စရေးနိုင်ငံနှင့် သံတမန်ရေးရာ ပတ်သက်မှုမရှိသော ဆော်ဒီအာရေဗျ နှင့် အခြား အာရပ်နိုင်ငံများက ဝန်ကြီးများထံသို့ ပေးပို့လိမ့်မည် ဖြစ်ကြောင်းနှင့်  အစ္စရေး နှင့် အာရပ်နိုင်ငံများ နှစ်အတော်ကြာမသင့်မမြတ် ဖြစ်နေစဉ် အီရန်သည် ရန်ဘက်နိုင်ငံဖြစ်ခဲ့ကြောင်း သိရသည်။

အချို့ဥရောပ နိုင်ငံများက အီရန်ကိုမလိုလားသော အမေရိကန်၏ သဘောထားတင်းမာမှုကို စိုးရိမ်ပူပန်နေကြခဲ့ကြောင်း နှင့် အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဖက်ဒီရီကာ မိုဟီရီနီ က ယင်းအစည်းအဝေးကို တက်ရောက်မည် မဟုတ်ဟု ဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရသည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို

 

mdn