ရောမ နိုဝင်ဘာ

အီတလီနိုင်ငံ (မြောက်ပိုင်း) အဲလ်ပ်စ် တောင်တန်း နှင်းထုပြိုကျမှုကြောင့် ဂျာမနီတောင်တက်သမား ငါးဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ယနေ့ ပြောကြားသည်။

နှင်းထုပြိုကျမှုသည် နိုဝင်ဘာ ရက် ဒေသစံ တော်ချိန် ညနေ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း အီတလီနိုင်ငံထုတ် ANSA သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

နှင်းထုပြိုကျနေစဉ် နှင်းများနှင့်အတူပါသွားသော ဂျာမနီ တောင်တက်သမား ငါးဦးအနက် သုံးဦး၏ အလောင်းကို နိုဝင်ဘာ ရက်တွင် ပြန်လည်တွေ့ရှိ ခဲ့သည်။ ကျန်နှစ်ဦးဖြစ်သည့် ဖခင်တစ်ဦးနှင့် ၎င်း၏ ၁၇ နှစ်အရွယ်သမီးငယ်တို့၏ အလောင်းတို့ကို နိုဝင်ဘာ   ရက် နံနက်ပိုင်းတွင်     ပြန်လည်တွေ့ရှိခဲ့ သည်။

ဒေသအတွင်း အပူချိန်များ မြင့်တက်လာခြင်းကြောင့် ဆီးနှင်းများအရည်ပျော်ပြီး နှင်းထုပြိုကျမှုအန္တရာယ်ဖြစ်ပေါ်နိုင်ကြောင်း အာဏာပိုင်များက လွန်ခဲ့သောရက်အနည်းငယ်က သတိပေးချက်များ ထုတ်ပြန်ထားသည်။

တောင်တက်သမားများနှင့် နှင်းလျှောစီးဝါသနာရှင်များအား ရာသီဥတုနှင့် နှင်းပြိုကျမှုသတိပေးချက်များကို ဂရုပြုရန်နှင့် အန္တရာယ်များသော  တောင်ပေါ်ဒေသများကို သွားလာခြင်းမှ  ရှောင်ရှားရန် ၎င်းတို့က တိုက်တွန်းထားကြောင်း   သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်