ရောမ နိုဝင်ဘာ ၂
အီတလီနိုင်ငံ (မြောက်ပိုင်း) အဲလ်ပ်စ် တောင်တန်း၌ နှင်းထုပြိုကျမှုကြောင့် ဂျာမနီတောင်တက်သမား ငါးဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ယနေ့ ပြောကြားသည်။
နှင်းထုပြိုကျမှုသည် နိုဝင်ဘာ ၁ ရက် ဒေသစံ တော်ချိန် ညနေ ၄ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း အီတလီနိုင်ငံထုတ် ANSA သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
နှင်းထုပြိုကျနေစဉ် နှင်းများနှင့်အတူပါသွားသော ဂျာမနီ တောင်တက်သမား ငါးဦးအနက် သုံးဦး၏ အလောင်းကို နိုဝင်ဘာ ၁ ရက်တွင် ပြန်လည်တွေ့ရှိ ခဲ့သည်။ ကျန်နှစ်ဦးဖြစ်သည့် ဖခင်တစ်ဦးနှင့် ၎င်း၏ ၁၇ နှစ်အရွယ်သမီးငယ်တို့၏ အလောင်းတို့ကို နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ သည်။
ဒေသအတွင်း အပူချိန်များ မြင့်တက်လာခြင်းကြောင့် ဆီးနှင်းများအရည်ပျော်ပြီး နှင်းထုပြိုကျမှုအန္တရာယ်ဖြစ်ပေါ်နိုင်ကြောင်း အာဏာပိုင်များက လွန်ခဲ့သောရက်အနည်းငယ်က သတိပေးချက်များ ထုတ်ပြန်ထားသည်။
တောင်တက်သမားများနှင့် နှင်းလျှောစီးဝါသနာရှင်များအား ရာသီဥတုနှင့် နှင်းပြိုကျမှုသတိပေးချက်များကို ဂရုပြုရန်နှင့် အန္တရာယ်များသော တောင်ပေါ်ဒေသများကို သွားလာခြင်းမှ ရှောင်ရှားရန် ၎င်းတို့က တိုက်တွန်းထားကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


