နေပြည်တော် နိုဝင်ဘာ ၁၆
နိုင်ငံတော်အတွင်း အိမ်ခြံမြေများ လွှဲပြောင်းရောင်းချမှုအပေါ် အခွန်ပြည့်ဝစွာ ကောက်ခံရရှိရေး စိစစ်ကြပ်မတ်ရန် ကိစ္စနှင့်ပတ်သက်သည့် ညွှန်ကြားချက်များဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ပုဗ္ဗသီရိမြို့နယ်၊ ပျဉ်းမနားခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး နှင့်တာဝန်ရှိသူများ ၊ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး ပြည်နယ်ဒုတိယဦးစီးမှူးများ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တော် စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှ လက်ထောက်ညွှန်ကြားရေးများ၊ ခရိုင်စုံစမ်းစစ်ဆေးရေးမှူး များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အိမ်ခြံမြေများ လွှဲပြောင်းရောင်းချခြင်းမှ အခွန်လွတ်ကင်းမှု မရှိစေရေးနှင့် နိုင်ငံတော်အတွက်ရသင့်သည့် အခွန်များပြည့်ဝစွာ ကောက်ခံရရှိစေရေး စိစစ်ကြပ်မတ်နိုင်ရေးဆိုင်ရာများ၊ လက်တွေ့နယ်ပယ်တွင် လုပ်ငန်းများဆောင်ရွက်ရာ၌ အဆင်ပြေချောမွေ့စေရေးအတွက် ကိုယ်စားလှယ်လွှဲအပ်စာများအပေါ်တွင် ဂရုပြုဆောင်ရွက်ရမည့်အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်