၁ နိုဝင်ဘာ
ရီးရဲလ်မက်ဒရစ် ၄ - ၁ အက်စ်ဒီ ဟော့စကာ
ဒီပွဲမှာတော့ တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာအထူးခြေစွမ်းပြ ကစားခဲ့ပြီး အနိုင်ဂိုး ၂ ဂိုးလည်း သွင်းယူပေးခဲ့ပါတယ်။ မိနစ် ၄၀ မှာ အေဒင် ဟာဇက်က ဦးဆောင်ဂိုး စသွင်းခဲ့ပြီး၊ ၄၅ မိနစ်မှာ ဘန်ဇီမာက ဒုတိယဂိုး၊ ၅၄ မိနစ်မှာ ဖက်ဒရီကို ဗယ်လ်ဗာဒီကတတိယဂိုးကို သွင်းယူခဲ့ပါတယ်။ ၇၄ မိနစ်မှာ ဒေးဗစ် ဖာရဲယိုက ဟော့စကာအတွက် ခြေပဂိုးတစ်ဂိုး သွင်းခဲ့ပေမဲ့လည်း မိနစ် ၉၀ မှာ ဘန်ဇီမာက ၄ ဂိုးမြောက်ကို ထပ်မံသွင်းယူခဲ့ပါတယ်။
အခြားပွဲစဉ်များရဲ့ ပွဲပြီးရလဒ်များကိုလည်း ဖော်ပြပေးလိုက်ပါတယ်။
အသလက်တစ်ကလပ် ၂ - ၁ ဆီဗီလာ
အိုဆာဆူနာ ၁ - ၃ အသလက်တီကို မက်ဒရစ်
ဒီပို့တီပို့ ၁ - ၁ ဘာစီလိုနာ
Source – AFP
#MRTV