၁  နိုဝင်ဘာ

ရီးရဲလ်မက်ဒရစ် ၄ - ၁ အက်စ်ဒီ ဟော့စကာ

ဒီပွဲမှာတော့ တိုက်စစ်မှူး ကာရင်မ် ဘန်ဇီမာအထူးခြေစွမ်းပြ ကစားခဲ့ပြီး အနိုင်ဂိုး ၂ ဂိုးလည်း သွင်းယူပေးခဲ့ပါတယ်။ မိနစ် ၄၀ မှာ အေဒင် ဟာဇက်က ဦးဆောင်ဂိုး စသွင်းခဲ့ပြီး၊ ၄၅ မိနစ်မှာ ဘန်ဇီမာက ဒုတိယဂိုး၊ ၅၄ မိနစ်မှာ ဖက်ဒရီကို ဗယ်လ်ဗာဒီကတတိယဂိုးကို သွင်းယူခဲ့ပါတယ်။ ၇၄ မိနစ်မှာ ဒေးဗစ် ဖာရဲယိုက ဟော့စကာအတွက် ခြေပဂိုးတစ်ဂိုး သွင်းခဲ့ပေမဲ့လည်း မိနစ် ၉၀ မှာ ဘန်ဇီမာက ၄ ဂိုးမြောက်ကို ထပ်မံသွင်းယူခဲ့ပါတယ်။

 

အခြားပွဲစဉ်များရဲ့ ပွဲပြီးရလဒ်များကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

အသလက်တစ်ကလပ် ၂  -  ၁ ဆီဗီလာ

အိုဆာဆူနာ ၁  -  ၃  အသလက်တီကို မက်ဒရစ်

ဒီပို့တီပို့ ၁ - ၁ ဘာစီလိုနာ

Source – AFP

#MRTV