အိမ်မဲ ၂၆ ဇွန်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် အတွင်းရှိ ထက်၊ လယ်၊ မူ ကျောင်း ၁၉၇ ကျောင်းတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ရာသီတုပ်ကွေး ရောဂါကာကွယ်ရန် နည်းလမ်းများအကြောင်း ဟောပြောခြင်းကို ဇွန်လ ၂၅ ရက် နံနက် ၉ နာရီ ခွဲကတစ်ပြိုင်နက်တည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင် ဦးဆောင်ပြီး အထက -၁ အထက -၂ ကျောင်းများသို့ သွားရောက်ပြီး ရာသီတုပ်ကွေးရောဂါပိုးသည် အသက်ရှုလမ်းကြောင်း မှတစ်ဆင့် ကူးစက်နိုင်ကြောင်း အဆိုပါရောဂါသည် အချို့လူများတွင် ရောဂါလက္ခဏာ ပိုမိုပြင်းထန်နိုင်ကြောင်း၊နှာချေတိုင်း၊ ချောင်းဆိုးတိုင်း ပါးစပ်နှင့် နှာခေါင်းကို သေချာစွာ ဖုံးအုပ်ပါ၊ ရောဂါလက္ခဏာရှိသူကို ထိတွေ့ကိုင်တွယ်ပြီးတိုင်း လက်ကို ရေနှင့် ဆပ်ပြာသုံးပြီးစင်ကြယ်စွာ ဆေးကြောရန်၊ ကျောင်းဈေး လုပ်ငန်းခွင်နှင့် လူထူထပ်သော နေရာသို့ သွားခြင်းမှ ရှောင်ကြည်ကြရန်နှင့် အဆိုပါရောဂါသည် အဖျားကြီးလွန်းခြင်း၊အသက်ရှုကြပ်ခြင်း၊ အသက်ရှုခက်ခဲခြင်း၊ သတိလစ်ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း၊အဖျားရှိခြင်း၊ အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်နှင့်အထက်၊ နှာရည်ယိုခြင်း၊ နှာခြေခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးခွေခြင်း အစရှိသည့် လက္ခဏာများရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနနှင့် ဆေးရုံ၊ဆေးခန်းများတွင် ကုသမှုခံယူသင့်ကြောင်း ဟောပြောပေးခဲ့သည်။
ချစ်သက်လယ်(အိမ်မဲ)


