အိမ်မဲ စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဆေးဝါးများ ရောင်းချနေသော ဆေးဆိုင်များတွင် စျေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းလုပ်ငန်းများကို အိမ်မဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးလေးလွင် ဦးဆောင်၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး မြို့မစျေးကြီးနှင့် အခြားနေရာများတွင် ဖွင့်လှစ်ရောင်းချနေကြသည့် ဆေးဝါးအရောင်းဆိုင် (၆)ဆိုင်တို့တွင် စျေးနှုန်းများ မြှင့်တင်ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဆေးဆိုင်များအနေဖြင့် ဆေးဝါးများကို စျေးနှုန်းမြှင့်တင် ရောင်းချခြင်း မရှိဘဲ စျေးနှုန်းသင့်တင့်မှန်ကန်စွာ ရောင်းချသည်ကိုတွေ့ရကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ)