အိမ်မဲ ၂၇ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကလေးစာဖတ်ခန်းတွင် နိုဝင်ဘာလ ၂၆ ရက်ညနေ ၄ နာရီက အဖွဲ့လိုက် တေးသရုပ်ဖော်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တေးသရုပ်ဖော်ပြိုင်ပွဲတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး အမက ကျောင်းများမှ ကျောင်းသား ကျောင်းသူ အဖွဲ့ ၆ ဖွဲ့မှ ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ဦးစီးမှူးက လက်ဆောင်များ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
နွဲ့ယဉ်စိုး(ပြန်/ဆက်)


