အိမ်မဲ      ၂၇     နိုဝင်ဘာ        

 

ဧရာဝတီတိုင်းဒေသကြီး၊    မြောင်းမြခရိုင်၊   အိမ်မဲမြို့နယ် ကလေးစာဖတ်ခန်းတွင် နိုဝင်ဘာလ ၂၆  ရက်ညနေ  ၄ နာရီက အဖွဲ့လိုက်  တေးသရုပ်ဖော်ပြိုင်ပွဲ   ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

တေးသရုပ်ဖော်ပြိုင်ပွဲတွင်  အိမ်မဲမြို့နယ်    ပြန်ကြားရေးနှင့်ပြည်သူ့   ဆက်ဆံရေးဦးစီးဌာန  ၊ဦးစီးမှူး ဒေါ်ဌေးဌေးလှိုင်က  ပြိုင်ပွဲကျင်းပရခြင်း  ရည်ရွယ်ချက်များ  ရှင်းလင်းပြောကြားခဲ့ပြီး အမက ကျောင်းများမှ   ကျောင်းသား ကျောင်းသူ အဖွဲ့   ၆ ဖွဲ့မှ ဦးက  ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

ထို့နောက်  ဆုရရှိသူ     ကျောင်းသား၊  ကျောင်းသူများအား   မြို့နယ်ဦးစီးမှူးက လက်ဆောင်များ    ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

နွဲ့ယဉ်စိုး(ပြန်/ဆက်)