အိမ်မဲ ၁၉ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ဘုရားကြီးကုန်းကျေးရွာအုပ်စု ဆင်တိုးကျေးရွာတွင် အခမဲ့ဆေးဝါးကုသပေးခြင်းများကို သြဂုတ် ၁၇ ရက် နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ပြည်သူကျန်းမာရေးကြီးကြပ်- ၂ ဝန်ထမ်းများက ကျန်းမာရေး ပညာပေးခြင်းနှင့် အခမဲ့ဆေးဝါးကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ တီဘီ (TB) သလိပ်စစ်ဆေးပေးသူ(၄၄)ဦး၊ အခမဲ့ဆေးဝါးကုသမှုပေးသူ (၅၅)ဦး၊ အနာကြီးရောဂါ(Leprosy) စစ်ဆေးပေးသူ (၁၂)ဦး၊ ဆီးချို သွေးချိုစစ်ဆေးပေးသူ(၂)ဦးနှင့် ငှက်ဖျားသွေးဖောက် စစ်ဆေးသူ ၃၀ တို့ကို အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ကျေးရွာအရောက် ဆောင်ရွက်ပေးနေကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)