အိမ်မဲ ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ အမှတ်စဉ်(၂၉) ၌ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို တာဝန်ရှိသူများက ဇန်နဝါရီ ၁၈ ရက်တွင် ဆက်လက်၍ထိုးနှံပေးခဲ့သည်။
အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးရန်ရှိသူ လျာထားဦးရေ ၁၆၂၆၂၆ ဦးရှိပြီး ယနေ့အထိ ကာကွယ်ဆေးထိုးပြီးသူ ၁၀၀၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
အဆိုပါ ဆေးထိုးစုရပ်၌ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်များတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ တာဝန်ရှိသူများက ကာကွယ်ဆေးထိုးနှံရာ၌ အဆင်ပြေချောမွေ့စေရေးအတွက် ပါဝင်ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်
ချစ်သက်လယ်(ပြန်/ဆက်)


