အိမ်မဲ ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခန်းမတွင် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း VDP/AVIP ရေးဆွဲခြင်း သင်တန်းဆင်းပွဲကို ဇူလိုင် ၉ ရက် ညနေ ၄ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးနှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစတင်မျိုးလွင်တို့မှ သင်တန်းဆင်းအမှာစကားများ အသီးသီးပြောကြားခဲ့သည်။
ကျေးရွာနေပြည်သူလူထုမှ စုပေါင်းညီညွတ်စွာ ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိခြင်း၊ ဆောင်ရွက်ပြီးလုပ်ငန်းများသည် ကျေးရွာ၏ ပကတိအမှန်လိုအပ်ချက်ဖြစ်လာခြင်းနှင့် လက်တွေ့အကျိုးရှိစွာ အသုံးချနိုင်ခြင်း အစရှိသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
သင်တန်းတွင် သင်တန်းနည်းပြ (၄)ဦးမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်း ဆောင်ရွက်မည့် ကျေးရွာ (၁၇)ရွာမှ သင်တန်းသား (၃၄)ဦးကို စာတွေ့လက်တွေ့ (၅)ရက်ကြာ သင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)