အိမ်မဲ ၂၆ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စု လက်ပံကုန်းကျေးရွာတွင် မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနက ငါးရိက္ခာဖူလုံစွာစားသုံးနိုင်ရန်နှင့် ငါးမျိုးပြုန်းတီးမှုမရှိစေရန် စပါးခင်းများအတွင်း ထိုင်းငါးခုံးမကောင်ရေ(၇၅၀၀၀)စိုက်ထည့်ပေးခြင်းကို သြဂုတ် ၂၅ ရက် နံနက် ၈ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက ထိုင်းငါးခုံးမကောင်ရေ (၇၅၀၀၀)ကို စပါးခင်းများအတွင်း စုပေါင်းစိုက်ထည့်ပေးကြောင်း သိရသည်။
အိမ်မဲမြို့နယ်အတွင်း ငါးရိက္ခာဖူလုံစွာ စားသုံးနိုင်ရန်နှင့် ငါးမျိုးပြုန်းတီးမှုမရှိစေရန် နှစ်စဉ် ငါးကောင်ရေ (၇၅၀၀၀)ကို စပါးခင်းများအတွင်း စိုက်ထည့်ပေးနေကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးက သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)


