အိမ်ရှင်အမေရိကန် ဂိုးပြတ်အနိုင်ရပြီး ကနေဒါအသင်း သရေကျ

 

အိမ်ရှင်အမေရိကန်နှင့် ပါရာဂွေးအသင်းတို့၏ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့် ပွဲစဉ်ကို ဇွန် ၁၃ ရက် နံနက် ၇ နာရီခွဲက ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျလိစ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အမေရိကန် အသင်းက တိုက်စစ်ခြေစွမ်းပြပြီး လေးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။ 

 

အမေရိကန်အသင်းသည် လာမည့်ပွဲစဉ်တွင် ဩစတြေးလျအသင်းနှင့် ပြိုင်ဘက် ပါရာဂွေးအသင်းက တူကီယဲအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ် သည်။  နံနက် ၁ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ကနေဒါနှင့် ဘော့စနီး ယားအသင်းပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။ အဆိုပါ ပွဲစဉ်တွင် ဘော့စနီးယား အသင်းသည် ပွဲချိန် ၂၁ မိနစ်တွင်ရရှိခဲ့သော လူကီ၏ သွင်းဂိုးဖြင့် နိုင်ပွဲရရှိရန် နီးစပ်ခဲ့သော်လည်း လာရင်၏ နောက်ကျချေပဂိုး ခွင့်ပြုပေးခဲ့ရသည့်အတွက် သရေကျခဲ့ခြင်း ဖြစ်သည်။

မိုးဇက်