ရန်ကုန် ၃ စက်တင်ဘာ


နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်သည် ယနေ့ ညနေ ၃ နာရီတွင် ရန်ကုန်မြို့ အမှတ် (၅၄၅/၅၄၇) ကုန်သည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံး၌ အိန္ဒိယနိုင်ငံ၏ သမ္မတဟောင်းဖြစ်သူ Shri Pranab Mukherjee သည် ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၃၁ ရက်တွင် ကွယ်လွန်သွားသည့်အတွက် ဖွင့်လှစ်ထားရှိသော ဝမ်းနည်းခြင်းအထိမ်းအမှတ်စာအုပ်၌ လက်မှတ်ရေးထိုးသည်။


အိန္ဒိယနိုင်ငံ၏ သမ္မတဟောင်းသည် ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ အိန္ဒိယသမ္မတ နိုင်ငံ၏ ၁၃ ဦးမြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုကွယ်လွန်ချိန်တွင် အသက် (၈၄) နှစ်ဖြစ်ကြောင်း သိရသည်။


ဇော်မင်းလတ်(သတင်းစဉ်)