ရိခေါ်ဒါရ်  ၉  မေ      

 

ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E Mr Saurabh Kumar နှင့်အဖွဲ့သည် မေ ၈ ရက်က ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာကြပြီး အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်ကျောင်းခွဲ ကျောင်းဆောင်သစ်ဆောက်လုပ်မှုကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့် အဖွဲ့သည်  အိန္ဒိယနိုင်ငံ၊ ဇိုခေါထာရ်ကျေးရွာရှိ ဇိုခေါထာရ်နယ်စပ်ကုန်သွယ်ရေးရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ် လူဝင်ထွက်မှုနှင့် ကုန်သွယ်မှုအခြေအနေ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ကာ ဆွေးနွေးပွဲတွင် အာသံရိုင်ဖယ်တပ်မှ ဒုတိယတပ်မဟာမှူး ဗိုလ်မှူးချုပ် Vinos မှ အိန္ဒိယနယ်စပ်တစ်လျှောက် အာသံရိုင်ဖယ်တပ်မှ လုံခြုံရေးဆောင်ရွက်မှုအခြေအနေ၊ ကုလားတန်မြစ်ဝှမ်း စီမံကိန်း၊ အိန္ဒိယ-မြန်မာ အာရှလမ်းမကြီးဖောက်လုပ်မည့် အခြေအနေ၊ နှစ်နိုင်ငံ လူဝင်ထွက်မှုနှင့် ကုန်သွယ်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အတွင်းရေးမှူး ပူးလာလ်းနွန်မောရာ (ချွန်ငူး)၊ ကြမ်ဖိုင်းခရိုင်အုပ်ချုပ်ရေးမှူး Dr. Navin Agarwal၊ မီဇိုရမ် ပြည်နယ်၊ ကြမ်ဖိုင်းခရိုင်အဆင့်ဌာနဆိုင်ရာများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မင်းသိုက်၊ ရိခေါ်ဒါရ်မြို့ရှိ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် အိန္ဒိယနိုင်ငံသံရုံးမှ သံအမတ်ကြီးနှင့်အဖွဲ့သည် ဇိုခေါထာရ်နယ်စပ် ကုန်သွယ်ရေးစခန်းအတွင်းရှိ ကုန်သိုလှောင်ရုံ၊ ပိုးမွှားဓာတ်ခွဲခန်းနှင့် နယ်စပ်ကျောက်တိုင်အမှတ် BP ၂၇/၂ တို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ဖလမ်းမြို့နယ်၊ သီးဘွာလ်ကျေးရွာအုပ်စု၊ လေးလက်ကျေးရွာသို့ ဆက်လက်ထွက်ခွာပြီး လေးလက်ကျေးရွာရှိ နယ်စပ်ဈေးနှင့် နှစ်နိုင်ငံကုန်သွယ်ရေးတံတား တည်ဆောက်မည့် လျာထားမြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရိခေါ်ဒါရ် ပြန်/ဆက်

 

IMG_20