မေ ၁၉

 

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီသည် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် သုံးရက်ကြာခရီးစဉ်အတွက် ဂျပန်နိုင်ငံသို့ ယနေ့ထွက်ခွာခဲ့ကြောင်း ထိုဝန်ကြီးချုပ်ရုံး၏ တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကမ္ဘာကြီးရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် စုပေါင်းဖြေရှင်းရန် လိုအပ်သည်များကို ဂျီ-၇ နိုင်ငံများ၊ အခြားဖိတ်ကြားထားသည့် မိတ်ဖက်များနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးသွားရန် မျှော်မှန်းထားသည်ဟု မိုဒီကဆိုသည်။

 

ဂျပန်နိုင်ငံ ဟီရိုရှီးမားတွင် လက်ခံကျင်းပမည့် ဂျီ-၇ ထိပ်သီးဆွေးနွေးပွဲတွက် တက်ရောက်ကြသည့် ခေါင်းဆောင်အချို့နှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း မိုဒီက သူ၏ခရီးစဉ်မထွက်ခွာမီ ပြောကြားခဲ့သည်။

 

မိုဒီသည် ဂျပန်နိုင်ငံသို့သွားရောက်ပြီးနောက်တွင် ပါပူဝါနယူးဂီနီနှင့် ဩစတြေးလျနိုင်ငံတို့ကိုလည်း သွားရောက်လည်ပတ်မည်ဖြစ်သည်။

 

ပါပူဝါနယူးဂီနီခရီးစဉ်သည် မိုဒီ၏ ပထဆုံးသောခရီးစဉ်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို