မန္တလေး ၃၀ သြဂုတ်
အကြောဆစ်ကု ပညာရပ်ကို ပြည်သူများ ပိုမိုသိရှိစေရန် ဝမ်းတွင်းမြို့ပေါ်ရှိရပ်ကွက်များကို အခမဲ့ လိုက်လံကုသခြင်းများကို သြဂုတ်လ ၃၁ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အကြောဆစ်ကုပညာရှင်အသင်းမှ သိရသည်။
မြန်မာနိုင်ငံ အကြောဆစ်ကုပညာရှင်အသင်း( မန္တလေး အသင်းခွဲ) မှ ဦးဆောင် ကာ ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါ ပရဟိအနေဖြင့် လိုက်လံကုသခြင်းကို တစ်နှစ်လျှင် ၄ ကြိမ်ခန့် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
" အကြောဆစ်ကု ပညာရပ်ကို လူတွေကသိပ်ပြီး မသိကြသေးဘူး အသိပညာပြန့် ပွားအောင်လုပ်တာရယ် မြန်မာနိုင်ငံ အကြောဆစ်ပညာရှင်အသင်း မန္တလေးမှာရှိ တယ်ဆိုတာ သိစေချင်လို့ပါ" ဟု မြန်မာနိုင်ငံ အကြောဆစ်ကုပညာရှင် အသင်း (မန္တလေး အသင်းခွဲ)အတွင်းရေးမှူး ဦးသန့်ဇော်က ပြောသည်။
အကြောဆစ်ကုပညာရှင် ၂၀ ကျော်ဖြင့် လည်ပင်းကျီးပေါင်းတက်ခြင်း၊ ပုခုံးနာခြင်း၊ ဒူးနာခြင်း၊ ခါးနာခြင်း၊ ခြေဖ နောင့်နာခြင်း၊ လေဖြတ်ခြင်း၊ မသန်စွမ်းခြင်းများကို ကုသပေးမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်တွင် ပြီးခဲ့သည့် ဇွန်လတွင် ကျောက်ဆည်မြို့ ဘိုးဘွားရိပ်သာမှ ဘိုးဘွား ၃၀ ကျော်အား ကုသပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အကြောဆစ်ကုပညာရှင်အသင်း ဗဟိုအား ၂၀၁၃ ခုနှစ်တွင် ရန်ကုန်မြို့၌ ဖွဲ့စည်းခဲ့ပြီး မန္တလေးအသင်းခွဲအား ၂၀၁၅ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းခဲ့ကြောင်း လက်ရှိတွင် ဗဟိုအနေဖြင့် ပညာရှင်ပေါင်း ၈၀ဝ ကျော်ရှိပြီး မန္တလေးအနေဖြင့် ၂၀ဝ ကျော်ရှိကြောင်း သိရသည်။
အိမို့မို့ခိုင်


