ကွန်ဟိန်း 

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၇)၊အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အဆိုပါသင်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

mdn

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ သင်တန်းသူထူးချွန်ဆုများ ချီးမြှင့်ခဲ့သည်။

ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားပေးခဲ့ပြီး တက်ရောက်လာသော ဧည့်သည်တော်များက သင်တန်းသူများ၏ စက်မှု၊လက်မှု လက်ရာများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)


ယင်းမာပင်

နယ်စပ်ရေးရာဝန်ကြီးဌာန  ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန  စစ်ကိုင်းတိုင်းဒေသကြီး  ယင်းမာပင်ခရိုင်   ဆားလင်းကြီးမြို့  အမျိူးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း  အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်  ၄၀  နှင့်  အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်  ၃၆  သင်တန်းဆင်းပွဲအခမ်းအနားကို  ၂၀၁၉ ခုနှစ်  သြဂုတ်လ  ၃၀  ရက်နေ ့  နံက်  ၈  နာရီအချိန်က  ဆားလင်းကြီးမြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း    သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။   

 

mdn

 

အစီအစဉ်အရ   စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်လူ ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနက  ဝန်ကြီး  ဦးမိုးကျော်သူမှ  အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၏  အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်  ၄၀ နှင့် အဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်  ၃၆  တို့ မှ  သင်တန်းထူးချွန်ဆု ရှိခဲ့ကြသော  ဗန်းမောက်မြို ့နယ်  နားစင်းလုုံး ကျေးရွှာက  မခိုင်သင်းကြည် နှင့်  ကလေးမြို့နယ်  ကျွန်းတောကျေးရွာက  မစန္ဒာဝင်းတို ့အား   အပ်ချုပ်စက်တစ်လုးံ စီပေးအပ်ချီးမြှင့်ခဲ့ကြောင်း  သိရသည်။

၄င်းနောက် သင်တန်းပြီးဆုးံသည်အထိ  သင်ယူခဲ့ကြသော  အခြေခံအိမ်တွင်းမှုသင်တန်းသူ  ၅၀  ဦး  နှင့်အဆင့်မြင့်စက်ချုပ်သင်တန်းသူ  ၃၇  ဦး  စုစုပေါင်း  ၈၇  ဦးအား  သင်တန်းဆင်းအောင်လက်မှတ်များ  ပေးအပ်ခဲ့ရာ   သင်တန်းသူများကိုယ်စား  သင်တနးသူတစ်ဦးက  ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဦးငယ်(ဆားလင်းကြီး)