၅ နိုဝင်ဘာ
တစ်ကမ္ဘာလုံးက ပညာရှင်တွေက အခြေခံကျန်းမာရေး၊ အခြေခံကျန်းမာရေးလို့ ပြောနေပါတယ်။ အခြေခံ ကျန်းမာရေးကောင်းဖို့ကတော့ အင်မတန်မှအရေးကြီးပါတယ်။ အခြေခံကျန်းမာရေးကောင်းဖို့ အရေးကြီးတယ် ဆိုတာ တစ်ခါတလေ လက်တွေ့ကျကျ ကြည့်ရပါတယ်။ ပြောတာတော့ လွယ်တယ်ပေါ့။ အခြေခံ ကျန်းမာရေးကောင်းအောင် နေရမယ်ဆိုတာ။ အခြေခံကျန်းမာရေးကောင်းအောင် နေရမယ်ဆိုတဲ့ အထဲမှာဆိုရင် အများလက်ခံထားတာက ကိုယ်လက်လှုပ်ရှားမှုရှိရမယ်၊ လေကောင်းလေသန့်ကို ရနိုင်ရမယ်ဆိုတော့ ကိုဗစ်ရောဂါရဲ့ လိုအပ်ချက်အရ အပြင်မထွက်နိုင်တဲ့ နေရာတွေမှာကျတော့ ဒီဟာ ခက်ခဲတယ် ဆိုတာလည်း ကျွန်မသဘောပေါက်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက်ပေါ့။ ကိုယ့်ရဲ့ အခြေအနေအရ ကျန်းမာအောင် နေကြပါ။ မဖြစ်နိုင်တဲ့ကိစ္စတွေကို သိပ်တွေးပြီးတော့ ပူပင်သောကမရှိပါနဲ့။ စားတဲ့သောက်တဲ့နေရာမှာ တတ်နိုင်သမျှ ကျန်းမာအောင်လို့ စားကြပါ။ ဆင်ဆင်ခြင်ခြင်လည်း စားကြစေချင်ပါတယ်။
(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၆-၁၀-၂၀၂၀ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်)