သံတောင်ကြီး ၁၂ မေ
အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် တီဘီရောဂါတိုက်ဖျက်ရေး စီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးပွဲကို မေ ၁၁ မှ ၁၂ ရက်ထိ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ zion ဘုရားကျောင်း သုံးထပ်ဆောင်၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ဆွေးနွေးပွဲသို့ ကရင်ပြည်နယ် တီဘီ/အနာကြီးရောဂါ တိုက်ဖျက်ရေးမှ ဒေါက်တာ ဆန်းလှဖြူ၊ နယ်လှည့် တီဘီရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ စောတာဒိုထူးတို့မှ တက်ရောက်ဆွေးနွေးခဲ့ကြပြီး သံတောင်ကြီး မြို့နယ်အတွင်းရှိ သူနာပြု သားဖွားဆရာမများနှင့် ကျန်းမာရေးကြီးကြပ်(၂) ဝန်ထမ်းစုစုပေါင်း (၈၅)ဦး တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် တီဘီရောဂါအကြောင်း၊ တီဘီရောဂါရှာဖွေခြင်း၊ ဆေးကုသမှုဆိုင်ရာများ၊ ကလေးများတွင် ဖြစ်ပွားသော တီဘီရောဂါအကြောင်း တီဘီရောဂါ ကူးစက်ပြန့်ပွားပုံ၊ တီဘီရောဂါအမျိုးအစားများ၊ တီဘီလူနာ ပြုစုနည်းများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
MDN