နေပြည်တော်  ဒီဇင်ဘာ ၂၂

 

အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၇၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ညွှန်ကြား ရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက် ကြသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးအတွက် အခြေခံပညာ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြင့်မားရန် လိုအပ်ကြောင်း၊ ကဏ္ဍအလိုက်၊ ရာထူးအဆင့်အလိုက် ပညာရေးဆိုင်ရာ မြှင့်တင်မှုလုပ်ငန်းများကို တည်ငြိမ်မှန်ကန်စွာဖြင့် လုပ်ကိုင် ဆောင်ရွက်တတ်စေပြီး ဗလငါးတန်နှင့် ပြည့်စုံသော အနာဂတ်မျိုးဆက်သစ် ခေါင်းဆောင်များ မွေးထုတ် နိုင်စေရန် လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရက ရှေ့လုပ်ငန်းစဉ်()ရပ်၊ ဦးတည်ချက်()ရပ်တို့ဖြင့် နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ မိမိတို့တတ်စွမ်းသည့်ဘက်မှ အမျိုးသားပညာရည်မြင့်မားရေးကို မြှင့်တင်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားပြီး ထူးချွန်ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်၍ သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။

 

အဆိုပါ သင်တန်းသို့ သင်တန်းသားသင်တန်းသူ စုစုပေါင်း ၅၆၄ ဦး တက်ရောက်ခဲ့ကြ ပြီး သင်တန်းကာလ ရက်သတ္တ ()ပတ် ကြာမြင့်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)