ညောင်ရွှေ ၁၁ ဇွန်
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများ ရရှိလာစေရန်နှင့် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်များ ဖွင့်လှစ်ခြင်း၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲများဆောင်ရွက်လျက်ရှိရာ ဇွန် ၁၁ ရက် နံနက် ၁၀ နာရီက ညောင်ရွှေမြို့နယ်၊ သပြေပင်ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်း အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခြင်းနှင့် နံရံကပ် စာစောင်ပြပွဲလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးနေမျိုးသူရိန်က နယ်လှည့်ကွင်းဆင်းလုပ်ငန်းများ ဆောက်ရွက်ရခြင်း ရည်ရွယ်ချက်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများ အကြောင်း ရှင်းလင်းဟောပြောပြီး ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုင်းသက်နိုင်က လူငယ်နှင့်အနာဂတ်၊ စာပေဖတ်ရှုခြင်း အလေ့အထကောင်းများအကြောင်း၊ ရသစာပေအကြောင်းတို့ကို ဆွေနွေးဟောပြောခဲ့သည်။
ဆက်လက်ပြီး မွန်းလွဲ ၁ နာရီခွဲတွင် ထောင့်ကွေးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်းနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ အဆိုပါ နယ်လှည့်လုပ်ငန်းစဉ်တွင် သုတ/ရသစာအုပ်စာစောင် ၁၀ဝ ကျော်ကို ကျောင်းသားလူငယ်များမှ စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြပြီး မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေးပိုစတာများ၊ လူမှောင်ခိုကူးမှု အသိပညာပေးပိုစတာ များနှင့် ဖျော်ဖြေရေးပိုစတာများကိုလည်း စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ(ညောင်ရွှေ)