ရန်ကုန် ၂၀  မေ 

 

 

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးစီးဖွင့်လှစ်သည့် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၄၂/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားသည်။

 

နတ္

 

 

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ သင်တန်းပို့ချပေးမည့် အငြိမ်းစားသံအမတ်ကြီး များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဝါရင့်သံတမန်များ၊ တက္ကသိုလ်များမှ ပါမောက္ခများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

 

အဆိုပါသင်တန်း၌ သံတမန်ရေးရာနှင့်သက်ဆိုင်သည့် အခြေခံဘာသာရပ်များ၊ စေ့စပ် ညှိနှိုင်းမှုပညာရပ်များ၊ အပြည်ပြည်ဆိုင်ရာဥပဒေ၊  အပြည်ပြည်ဆိုင်ရာ ညီလာခံ နှင့် အစည်းအဝေးများကျင်းပခြင်း၊ နိုင်ငံတကာဆက်ဆံရေးပညာရပ်များ၊ စီးပွားရေး  ဆိုင်ရာ ဘာသာရပ်များပါဝင်မည်ဖြစ်ကာ သင်တန်းကာလမှာ ရက်သတ္တ  ၁၂ ပတ်ကြာ အချိန်ပိုင်း တက်ရောက်ရပြီး သင်တန်းဆင်းလက်မှတ်ရ သင်တန်းဖြစ်သည်။ အဆိုပါ သင်တန်းသည် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်နေသော ပုဂ္ဂလိက လုပ်ငန်းများ၊ ကုမ္ပဏီလုပ်ငန်းများ၊ အခြားဌာနများမှ ဝန်ထမ်းများ၊ ဘွဲ့ရလူငယ်များ၊ ဘာသာရပ် အပေါ် စိတ်ဝင်စားလေ့လာလိုသူများအတွက် ၂၀ဝ၀ ပြည့်နှစ်မှစတင်၍ နှစ်စဉ်ဖွင့်လှစ် နေသော သင်တန်းဖြစ်ပြီး တစ်နှစ်လျှင် နှစ်ကြိမ် ဖွင့်လှစ်လျက်ရှိသည်။

 

 

(သတင်းစဉ်)