ဘားအံ ၂၇ ဇူလိုင်
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုဘိုင်းလ်ဟန်းဆက် (Mobile Handset) နှင့် ဆက်စပ်ပစ္စည်းများရောင်းချခြင်း၊ ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းတို့အတွက် ဟန်းဆက်နှင့်ငွေရပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ် ရောင်းချစေခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များသို့ ရှင်းလင်းတင်ပြခြင်းကို ယမန်နေ့က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထိုသို့ ရှင်းလင်းတင်ပြရာတွင် ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အခွန်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးခင်မောင်ညွှန့်က ဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချခြင်း ဝန်ဆောင်မှုဆောင်ရွက်ပေးခြင်းတို့အတွက် ဟန်းဆက်နှင့် ငွေရပြေစာများအပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များအား ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသော ပြည်နယ်အတွင်းရှိ မိုဘိုင်းဟန်းဆက်နှင့်ဆက်စပ်ပစ္စည်းများရောင်းချ ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းရှင်များက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


