နေပြည်တော် ၁၈ မေ

 

ပြည်တွင်းအခွန်များဦးစီးဌာနမှ အသိပေးကြေညာချက်အရ အရက်/စီးကရက်/ဝိုင်/ဆေးပေါ့လိပ်များသည် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် သတ်မှတ်ထားသည့် အထူးကုန်စည်များဖြစ်ပါသည်။ ယင်းကုန်စည်များအား အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားမှုမရှိခြင်းသည် အထူးကုန်စည်ခွန်ထမ်းဆောင်ရန် ပျက်ကွက်ခြင်းဖြစ်ပါသည်။

 

အထက်ပါကုန်စည်များအားအခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်း မရှိဘဲ ထုတ်လုပ်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့် သိုလှောင်ခြင်းတို့ကို တွေ့ရှိပါက အောက်ပါဖုန်းနံပါတ်များ၊ viber နှင့် e-mail များသို့ သတင်းပေးတိုင်ကြားနိုင်ပါသည်-

 

(က) ဝ၆၇-၄၃၀၄၀၉   (ခ)  ဝ၆၇-၄၃၀ဝ၁၄

 

(ဂ) ဝ၉- ၅၀၆၁၈၆၇(viber) 

 

Email [email protected]

 

သတင်းပေးတိုင်ကြားချက်အရ စစ်ဆေးတွေ့ရှိပါက လက်ဝယ်တွေ့ရှိသူအား ဥပဒေနှင့်အညီ ဒဏ်ငွေတပ်ရိုက်မည်ဖြစ်ပြီး ကောက်ခံရရှိသည့် ဒဏ်ငွေ၏ ၂၀ ရာခိုင်နှုန်း ကို သတင်းပေးတင်ပြသူအား ဆုကြေးအဖြစ် ပြန်လည်ချီးမြှင့်မည်ဖြစ်ပါသည်။

 

သတင်းပေးတင်ပြသူ မည်သူမည်ဝါဖြစ်ကြောင်းကို ဖော်ထုတ်ကြေညာခြင်းမပြုပါ။

 

ရသင့်ရထိုက်သော အထူးကုန်စည်ခွန်များ အပြည့်အဝကောက်ခံရရှိနိုင်စေရေးအတွက် အရက်၊စီးကရက်၊ဝိုင်၊ဆေးပေါ့လိပ်များတွင် အခွန်အမှတ်တံဆိပ်များကပ်နှိပ်ထားခြင်း မရှိပါက အထောက်အထားပြည့်စုံစွာဖြင့် သတင်းပေးတိုင်ကြား ကူညီမှုပြုနိုင်ပါရန်နှင့် ဆုကြေးငွေများ ထုတ်ယူနိုင်ကြပါရန် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အသိပေးထားသည်။

 

MDN

 

58.J

 

66.J