နေပြည်တော်၊ နိုဝင်ဘာ ၂၆

 

လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့များသည် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊ ပုဂ္ဂလိကပိုင်ပစ္စည်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ တယ်လီဖုန်းတာဝါတိုင်များနှင့် လျှပ်စစ်ဓာတ်အားလိုင်း တာဝါတိုင်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

 

ပျက်ဆီးဆုံးရှုံး

 

ထိုသို့ အကြမ်းဖက်အဖွဲ့များ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၆ ရက်အထိ လျှပ်စစ်ဓာတ်အားပေး တာဝါတိုင် ၈၁ ခုတို့ ပျက်စီးဆုံးရှုံးခဲ့ရသည်။

 

mdn

 

ယင်းသို့ အကြမ်းဖက်ပူးပေါင်းအဖွဲ့များအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော လျှပ်စစ်ဓာတ်အားပေးတာဝါ တိုင်များအား ဆင်ခြင်တုံတရားမဲ့စွာ မိုင်းထောင်ဖောက်ခွဲ မီးရှို့ဖျက်ဆီးခြင်းများသည် မိုက်မဲသော လုပ်ရပ်များဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လျှပ်စစ်မီး နေ့စဉ်အသုံးပြုလျက်ရှိသည့် ပြည်သူလူထုအတွက် များစွာထိခိုက်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

 

လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့

 

အကြမ်းဖက်အဖွဲ့များအနေဖြင့် လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်များအား ယခုကဲ့သို့ မိုင်းထောင်ဖောက်ခွဲ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်နေမှုအပေါ် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများကို ရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ်သတင်းပေးပို့ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်မှု ချေမှုန်းရေး စစ်ဆင်ရေးကို ပြည်သူလူထုနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်