မန္တလေး ၉ မေ
အကျဉ်းထောင်အချို့တွင် ဆူပူမှုဖြစ်ပွားခဲ့သည့်အတွက် မန္တလေးဗဟိုအကျဉ်းထောင်တွင် လည်း ဆူပူမှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်မှုများဆောင်ရွက်ထားကြောင်း အဆိုပါအကျဉ်း ထောင်၏ ဒုတိယညွှန်ကြားရေးမှူး ဦးချိုဝင်းထွန်းကပြောသည်။
အခုလ ၈ ရက် ညပိုင်းက ရွှေဘိုအကျဉ်းထောင်တွင် ဆူပူမှုကြောင့် တာဝန်ရှိသူတွေက ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။
‘ဒီမှာတော့အားလုံးရေခဲပါ။ လုံခြုံရေးအပိုင်းတော့ပြောလို့မရပါဘူး။ လုပ်သင့်လုပ်ထိုက်တာတော့ လုပ်ထားတာပေါ့။ ဆူပူမှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေတော့ လုပ်ထားပါတယ်’ဟု မန္တလေးဗဟိုအကျဉ်းထောင် ဒုတိယညွှန်ကြားရေးမှူးဦးချိုဝင်းထွန်းကပြောသည်။
အကျဉ်းထောင်အချို့တွင် ဆူမှုဖြစ်ပွားသည့်ဖြစ်စဉ်တွင် အကျဉ်းသားများက တောင်းဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။
အိမို့မို့ခိုင်